စိတ်ချယုံကြည် တရားဝင်ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ Clover Mandalay
မြန်မာနိုင်ငံမှာ တရားဝင်ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုဖြစ်တဲ့ Clover Mandalay က အခုလက်ရှိအချိန်အထိ ဂျပန်နိုင်ငံကို ဝန်ထမ်းပေါင်း ၃၀၀ ကျော်အထိ ပို့ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလို တရားဝင်အေဂျင်စီ တစ်ခုဖြစ်ဖို့၊ ပြည်တွင်းက ဝန်ထမ်းတွေနဲ့ ဂျပန်နိုင်ငံဘက်က လုပ်ငန်းရှင်တွေရဲ့ကြား ယုံကြည်မှုကို ရယူတည်ဆောက်ရာမှာ အရည်အချင်းပြည့်မီအောင် အစဉ်တစိုက် ကြိုးစားလျက်ရှိဆဲပါ။
ပထမဆုံးအနေနဲ့ Clover Mandalay ဟာ တရားဝင်ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုဖြစ်ဖို့အတွက် မြန်မာအစိုးရနဲ့ ဂျပန်အစိုးရ အလုပ်သမားဝန်ကြီးဌာနကနေ အသိအမှတ်ပြု ခွင့်ပြုချက်လိုင်စင်ရဖို့ အရင်လျှောက်ခဲ့ပါတယ်။ လုပ်ငန်းစဉ်အဆင့်ဆင့်ကိုဆောင်ရွက်ပြီး ဂျပန်အစိုးရက တရားဝင်တာဝန်ပေးအပ်ထားတဲ့ အေဂျင်စီ၊ အဖွဲ့အစည်းရဲ့ တရားဝင်အေဂျင်စီစာရင်းထဲမှာ ပါဝင်ဖို့ မြန်မာအစိုးရဘက်ကနေ စာရင်းပေးပို့ပြီးတဲ့နောက်မှာ လိုအပ်တဲ့အဆင့်တွေအားလုံးကို စနစ်တကျ စီစဉ်ဖြတ်ကျော်ပြီးနောက် ဂျပန်နိုင်ငံဘက်မှာသာမက မြန်မာနိုင်ငံဘက်မှာပါ တရားဝင်အေဂျင်စီဖြစ်ပြီးနောက်ပိုင်း အလုပ်အကိုင်ရှာဖွေသူတွေကို စတင်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
Clover Mandalay ၏ မူလအစ
Clover Mandalay ကို ၂၀၁၉ ခုနှစ် နှစ်လယ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ် ကုန်ခါနီးမှာ မြန်မာနိုငံကနေ သွားရောက်အလုပ်လုပ်ကိုင်မဲ့သူတွေကို ဂျပန်နိုင်ငံဆီ တစ်ခေါက်ပို့ခွင့်ရခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ သေချာပြန်လည်ပတ်လာခဲ့ရာကနေ အခုလတ်တလောမှာ စေလွှတ်ခဲ့တဲ့ အလုပ်သင်၊ ကျွမ်းကျင်နဲ့ ပညာရှင်အားလုံးပေါင်း ၃၀၀ ကျော်ရှိနေပါပြီ။
Clover Mandalay ၏ ရည်ရွယ်ချက်
Clover Mandalay မှာ ရည်ရွယ်ချက်ကတော့ ဂျပန်နိုင်ငံကို သွားရောက်ပြီးမှ အလုပ်လုပ်ကိုင်လိုကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဂျပန်မှာ လူတန်းစေ့နေနိုင်ပြီး ကိုယ့်ရဲ့ အိမ်၊ မိသားစုရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ဖို့အတွက် ဖြစ်ပါတယ်။
ငွေရေးကြေးရေး
ခက်ခဲနေတဲ့ကာလတလျှောက် ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး လူတိုင်းမှာ အခက်အခဲမျိုးစုံ ကြုံတွေ့နေရတဲ့အတွက် ဂျပန်နိုင်ငံကို သွားဖို့ ပြင်ဆင်နေသူတွေကို အသက်သာဆုံးနှုန်းထားနဲ့ ပြေလည်အောင် ကြိုးစားပေးလျက်ရှိပါတယ်။
Clover Mandalay အနေနဲ့ ဂျပန်နိုင်ငံကို အလုပ်လုပ်ကိုင်လိုသူ များများစေလွှတ်နိုင်ဖို့ထက် လူတော်လူကောင်းတွေကို မွေးထုတ်ပေးဖို့ လိုအပ်တာကြောင့် အရည်အချင်းပြည့်ဝပြီး အကျင့်စာရိတ္တကောင်းဖို့နဲ့ အလုပ်ပေါ်မှာ သစ္စာရှိဖို့ အားလုံးကို ပြင်ဆင်ပေးဖို့ သေသေချာချာ ဆောင်ရွက်ပေးလျက်ပါ။ လုပ်ငန်းခွင်အတွင်းထားရှိရမယ့် သစ္စာ၊ စည်းမျဉ်းစည်းကမ်း၊ အလေ့အကျင့်တွေအားလုံးကို သေချာ ထိန်းကျောင်းပဲ့ပြင်ပြီးမှ စေလွှတ်တာကြောင့် အလုပ်ရှာဖွေသူရော၊ လုပ်သားအင်အားရှာဖွေတဲ့ ကုမ္ပဏီအတွက်ပါ စိတ်ချယုံကြည်ရဆုံး အေဂျင်စီအဖြစ်ရပ်တည်လျက်ရှိနေဆဲဖြစ်ပါတယ်။